Dear Tsuki

Image
Dear Tsuki, I used to be afraid of attachments, Yet, here I am, clinging to a delicate tether that binds me to you. Dear Tsuki, I used to dream of being independent, Yet, here I am, finding solace leaning on you for my daily dose of happiness. Dear Tsuki, I used to fight to be free, Yet, here I am, surrendering and cherishing every moment as if it were a sacred offering. Dear Tsuki, I used to wish to be strong, Yet, here I am, weaving my joys into the tapestry of your moonlight, Strength found not in solitude but in the shared glow of our moments. LWINT

When you gaze into the abyss စိုက်ကြည့်နေမိဆဲ အမှောင်ထုများ

တကယ်တော့ ကျွန်တော်က ဒိုင်ယာရီရေးရတာကို အတော်ဝါသနာပါခဲ့ဖူးတာ။ ကျွန်တော်မြင်သမျှ တွေးသမျှတွေကို ချရေးထားရတာကြိုက်တယ်။ အချိန်ကာလတစ်ခုကိုရောက်သွားတဲ့အခါ ကိုယ်ဒီလိုဖြတ်သန်းခဲ့ တွေးမြင်ခဲ့ဖူးတယ်ဆိုတာလေးက ကိုယ့်တိုးတက်မှုကို ပြန်ပြသလိုဖြစ်နေတော့ အတ္တကိုအစာကျွေးရသလိုဖြစ်နေတာမို့လို့ ထင်တာပဲ။ ဥပမာ ငယ်ငယ်က စတိတ်ရှိုးတစ်ခုသွားကြည့်ချင်တာကို အဖေကခွင့်မပြုလို့မသွားရတော့ အဖေဘယ်လိုချုပ်ချယ်ကြောင်းရေးထားတာလေးကို စာအုပ်စင်ရှင်းရင်း ပြန်ဖတ်မိတဲ့အခါ ဒီအချိန်ဆို တစ်ခုခုလုပ်ချင်ရင် ခွင့်ပြုချက်ရအောင် ဘယ်လိုညှိနှိုင်းရမလဲ ငါသိသွားပြီပဲ။ တစ်ဖက်လူကိုချည်း ဖိအပြစ်တင်နေစရာမလိုတော့ဘူး ဆိုပြီး ပြန်ပြုံးမိတာမျိုး။
အခုတော့ သူငယ်ချင်းတစ်ယောက်ရဲ့ကောင်းမှုနဲ့ ဒိုင်ယာရီရေးတဲ့အကျင့်ကနေ Online မှာတင်တဲ့အဆင့်ရောက်သွားပြီပေါ့လေ။

အတ္တကိုအစာကျွေးတာအပြင် တွေးမိသမျှချရေးခြင်းဟာ ကျွန်တော့်အတွက်တော့ ကိုယ့်စိတ်ကို စိမ်ပြေနပြေထိုင်ကြည့်ခြင်းတစ်မျိုးလို့လဲ ပြောလို့ရတယ်ရယ်။ ဆိုးရွားတဲ့အတွေးတွေပဲဖြစ်ဖြစ်၊ သာယာမှုလေးတွေပဲဖြစ်ဖြစ် တွေးလိုက်တဲ့ခဏက ဖျတ်ခနဲပေမဲ့ ချရေးပြီဆိုရင် စာဖြစ်အောင်ရေးတဲ့အခိုက်အတန့်လေးမှာ "ငါ ဘာဖြစ်နေတာလဲ" ဆိုတာလေးကို နောက်တစ်ခါ ထပ်ကြည့်ဖို့လိုတာကိုး။
ဒီကာလကြီးကတော့ အဆင်မပြေမှုတွေချည်းလို့ပြောဖို့တောင် အဆင်မပြေကြတဲ့ကာလမို့ ကျွန်တော်ရောက်နေတဲ့နေရာဟာ သာယာတယ်လို့သတ်မှတ်လို့ရတဲ့နေရာထဲမှာ ပါတယ်ထင်တာပဲ။
ကျွန်တော့်အတိတ်ကို အလိုက်မသိစွာတူးဆွမဲ့လူတွေမရှိတဲ့နေရာ၊ အိမ်ထဲကတောင်မထွက်ရဲဘဲ ရှိုက်ကြီးတငင်ငိုလောက်အောင် မသိနားမလည်တဲ့သူတွေမရှိတဲ့နေရာ၊ ပြီးတော့.... ကျွန်တော်တူးတူးခါးခါးမုန်းတဲ့သူတွေ နည်းပါတဲ့နေရာဆိုတော့ ပတိရူပဒေသလို့ပြောလို့မရရင်တောင် ရပ်ပြစ် ၈ ပါးတော့ ကင်းတယ်ပေါ့လေ။

ဒီလိုနေရာရောက်နေလည်း ဒဏ်ရာတွေကို ခလုပ်တိုက်မိတဲ့အခိုက်တော့ နာရသေးတာပေါ့။ မကြာခဏပြန်ပြန်မြင်ရတဲ့ဒဏ်ရာတွေနဲ့ လုံးထွေးနေရတာ သက်တောင့်သက်တာမရှိတာတော့ အမှန်ပဲရယ်။ ဒါပေမဲ့လည်း စိတ်ဓါတ်ကျသလိုဖြစ်လာရင် ဒရာမာကောင်ဇိုးလေးလုပ်နေတော့မှာလားလို့ ကိုယ့်ကိုယ်ကို ကြိမ်ပြန်တို့ပြီး ဆက်သွားခိုင်းရင်းနဲ့တော့ တရွေ့ရွေ့ခရီးဆက်ရတာပေါ့။
ဘယ်လောက်ပဲ နာကျင်ရပါတယ်ပြောပြော ကျွန်တော်ကတော့ ကျွန်တော့်နာကျင်မှုတွေကို တစိမ့်စိမ့်ပြန်ကြည့်ရတာ ကြိုက်တယ်။ သွေးထွက်စရာရှိတာကို သွေးမထွက်နိုင်တော့ဘဲ အဝပိတ်သွားတဲ့ အနာတစ်ခုကို ခွဲကြည့်ရုံတင်မဟုတ်ဘဲ ဘယ်လောက်နက်နေသေးလဲဆိုတာကို ပတ်ပတ်လည်နှိုက်စမ်းပစ်တတ်တဲ့ Psychopath တစ်ယောက်လိုပဲ။ စီးကျလာတဲ့သွေးတွေကို ပြုံးပြချင်ပြမယ် ထိုင်ဆဲချင်ဆဲမယ်။ ဘာကိုမှ ဂရုမစိုက်ဘဲ စိတ်ထဲရှိသလိုလုပ်ပစ်ချင်တယ်။ ဦးထီးသီချင်းထဲကလိုပဲ "ပြေမယ် ညှင်းမယ် လေမုန်တိုင်းထန်မယ်"ပေါ့လေ။

ပြောတတ်ဆိုတတ် ပေါင်းတတ်သင်းတတ်ပြီး social ကျတယ် active ဖြစ်တယ်လိုယူဆခံရလေ့ရှိတဲ့လူတစ်ယောက်ဟာ တစ်ယောက်ထဲရှိချိန်မှာ သူ့ခန္ဓာကိုယ်ထဲက တွင်းပေါက်တွေထဲကို ခုန်ချလုလုငေးကြည့်နေတဲ့သူလဲ ဖြစ်နေနိုင်တယ်မို့လား။ ဒါပေမဲ့ ကျွန်တော့်ရဲ့အပိုင်း (၂) ပိုင်းက ရောသွားလေ့မရှိတာတစ်ခုကတော့ သိပ်ကျေးဇူးတင်စရာကောင်းတယ်။ ပျော်နေချိန်ဆိုရင် တကယ်ပျော်နေတာ။ ဝတ္ထုတွေထဲကလို အပြုံးမျက်နှာအောက်မှာ အငိုမျက်လုံးမရှိဘူး။ တကယ်ကို အရာရာကိုမေ့ပြီး ပျော်နေတဲ့အခြမ်းကိုရောက်သွားတာမျိုးမို့ ကောင်းကွက်လေးတော့ရှိသေးတာပေါ့လေ။

ထားပါ။ ဒီရက်ပိုင်း အမှောင်ထုတွေထဲ ခေါင်းစိုက်နေရတာများနေလို့ အမှတ်တရလေးရေးထားလိုက်တာ။ အပေါ်မှာပြောခဲ့သလိုပေ့ါ။ ဒီအမှောင်ထုကို ဟာသလုပ်နိုင်တဲ့တစ်နေ့ကျ ကျွန်တော့်အတ္တကို ခပ်ပြုံးပြုံးလေး အစာပြန်လာကျွေးဖို့ စိုက်ထားခဲ့တဲ့ အပင်လေးတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။

Comments

Popular posts from this blog

Tsuki No Me

Dear Tsuki

Hell is not a place, it is us